ပူတင်၏ ပလန် 'ဘီ' နှင့် ထိပ်တိုက်တွေ့သော ဘိုင်ဒင်နှင့် ဇယ်လန်းစကီး၏ ပလန် 'အေ'

ပူတင်၏ ပလန် 'ဘီ' နှင့် ထိပ်တိုက်တွေ့သော ဘိုင်ဒင်နှင့် ဇယ်လန်းစကီး၏ ပလန် 'အေ'
Published 26 March 2022

ပူတင်၏ ပလန် 'ဘီ' နှင့် ထိပ်တိုက်တွေ့သော ဘိုင်ဒင်နှင့် ဇယ်လန်းစကီး၏ ပလန် 'အေ'

ယခုရုပ်သံဆောင်းပါးသည် The New York Times သတင်းစာတွင် ဖော်ပြခဲ့သော နိုင်ငံရေးသုံးသပ်သူ၊ အမေရိကန် စာရေးဆရာ Thomas L. Friedman ၏ "It’s Now Putin’s Plan B in Ukraine vs. Biden’s and Zelensky’s Plan A" ဆောင်းပါးဖြစ်သည်။ 

Thomas L. Friedman သည် နယူးယောက်တိုင်း၏ အပတ်စဉ် ပင်တိုင်ဆောင်းပါးရှင်ဖြစ်ပြီး ပူလစ်ဇာဆု သုံးကြိမ်တိုင် ဆွတ်ခူးခဲ့သူဖြစ်သည်။ နိုင်ငံတကာရေးရာ၊ ကမ္ဘာ့ကုန်သွယ်ရေး၊ အရှေ့အလယ်ပိုင်းအရေး၊ ကမ္ဘာလုံးဆိုင်ရာ ဖြန့်ကြက်မှုဖြစ်စဉ်နှင့် သဘာဝပတ်ဝန်းကျင်ကိစ္စများကို ကျယ်ကျယ်ပြန့်ပြန့် ရေးသားခဲ့သည်။

သူသည် Brandeis တက္ကသိုလ်မှ ဝိဇ္ဇာဘွဲ့၊ အောက်စ်ဖို့ဒ်၊ စိန့်အန်ထော်နီကောလိပ်မှ M.Phil ဘွဲ့နှင့် ကိုင်ရိုရှိ The American University ၌ Arabic Studies တို့ကို ဆည်းပူးခဲ့သည်။ 

ပုံနှိပ်ထုတ်ဝေပြီး ထင်ရှားသော စာအုပ်များမှာ "From Beirut to Jerusalem" (National Book Award ဆုရ)၊ "The Lexus and the Olive Tree: Understanding Globalization"၊ "Longitudes and Attitudes: Exploring the World After September 11"၊ "The World Is Flat: A Brief History of the Twenty-first Century"၊ "Hot, Flat, and Crowded: Why We Need a Green Revolution—And How It Can Renew America" နှင့် "Thank You for Being Late: Finding a Job, Running a Country, and Keeping Your Head in an Age of Accelerations" တို့ ဖြစ်သည်။

ဖရိုက်မင်းသည် ပူလစ်ဇာဆုကို သုံးကြိမ်ရခဲ့သည်။ ပထမအကြိမ်အဖြစ် ၁၉၈၃ ခုနှစ် လက်ဘနွန်စစ်ပွဲအတွင်း နိုင်ငံတကာသတင်းပို့ပုံ ထူးချွန်ဆုကိုလည်းကောင်း၊ ဒုတိယအကြိမ်အဖြစ် ၁၉၈၈ ခုနှစ် အစ္စရေးသတင်းများ တင်ဆက်မှုအတွက်လည်းကောင်း၊ တတိယအကြိမ်အဖြစ် ၂၀၀၂ ခုနှစ် အကြမ်းဖက်သူတို့၏ ကမ္ဘာလုံးဆိုင်ရာ ခြိမ်းခြောက်မှု ရိုက်ခတ်ချက်များ သုံးသပ်ရေးသားခဲ့သည့်အတွက်လည်းကောင်း ပူလစ်ဇာဆုများ အပ်နှင်းခံခဲ့ရသည်။ ၂၀၀၄ ခုနှစ်တွင် ပူလစ်ဇာဆု ရွေးချယ်ရေး ဘုတ်အဖွဲ့ဝင်အဖြစ် ရွေးကောက်ခံခဲ့ရပြီး ၂၀၁၃ ခုနှစ်၌ တာဝန်မှ အနားယူခဲ့သည်။