ဧပြီ ၁ ရက်မှစ၍ စက်ရုံများ၏ လစာအတွက် ကန့်သတ်ချက်မရှိထုတ်ပေးခြင်း၊ ကုန်ကြမ်းဝယ်ယူခြင်းနှင့် အစိုးရဘတ်ဂျက်လုပ်ငန်းများအတွက်တစ်ပတ်လျှင် ကျပ်သိန်း ၁၀၀၀ အထိ တိုးမြှင့်ထုတ်ပေးရန် ဗဟိုဘဏ် ညွှန်ကြား
၂၀၂၂ ခုနှစ် ဧပြီ ၁ ရက်မှစ၍ ဘဏ်မှ ငွေသားထုတ်ယူရာတွင် စက်မှုဇုန်စက်ရုံ များ၏ လုပ်ခလစာအတွက် ကန့်သတ်ချက်မရှိ ထုတ်ပေးခြင်းအပြင် ကုန်ကြမ်း ဝယ်ယူခြင်း နှင့် အစိုးရဘတ်ဂျက်ဖြင့် ဆောင်ရွက်သည့် လုပ်ငန်းများအတွက် တစ်ပတ်လျှင် ကျပ် သိန်း ၁၀၀၀ အထိ ထုတ်ပေးရန် မြန်မာနိုင်ငံ တော်ဗဟိုဘဏ်က ၂၀၂၂ ခုနှစ် ဧပြီ ၁ ရက် စွဲဖြင့် ညွှန်ကြားချက် ထုတ်ပြန်လိုက်သည်။