အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့ CPU ကို ဌာနဆိုင်ရာအချို့က လက်ခံရန် ဝန်လေးနေခြင်းမှာ တန်ဖိုးထားမှုကွာဟချက် ကြောင့်ဟု ယူဆကြောင်း ကော်မရှင်ဥက္ကဋ္ဌပြောကြား
အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့(CPU)ကို ဌာနဆိုင်ရာအချို့က လက်ခံဖို့ ဝန်လေးနေတာဟာ အတိတ်ကာလက ထားရှိတဲ့ တန်ဖိုးထားမှုနှင့် ဒီမိုကရေစီပြုပြင် ပြောင်းလဲရေး ကာလမှာ ထားရှိအပ်တဲ့ တန်ဖိုးထားမှုများအကြား ကာဟချက်ရှိနေဆဲဖြစ်တာကြောင့်လို့ ယူဆကြောင်း အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်ဥက္ကဋ္ဌ ဦးအောင်ကြည်က ပြောပါတယ်။