ဒေါ်အောင်ဆန်းစုကြည်အပေါ် အဂတိဖြင့်တရားစွဲဆိုထားသည့်အမှုများအတွက် ဘဏ္ဍာရေးဝန်ကြီးဌာနတာဝန်ရှိသူတစ်ဦး၊ နေပြည်တော်စည်ပင်မှတာဝန်ရှိသူတစ်ဦးနှင့် ဆောက်လုပ်ရေးကုမ္ပဏီမှ အင်ဂျင်နီယာတစ်ဦးတို့ကို စစ်ဆေးခဲ့
နေပြည်တော်တွင် ဒေါ်ခင်ကြည်ဖောင်းဒေးရှင်းက ရယူထားသည့် မြေကွက်များနှင့်ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည်၊ ဒေါက်တာမျိုးအောင်နှင့် ဦးမင်းသူတို့အား အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေဖြင့် တရားစွဲဆိုထားသည့် ရာဇဝတ်ကြီးအမှုအမှတ်(၃)နှင့် (၄)တို့အတွက် တရားလိုပြသက်သေများဖြစ်သည့် ဘဏ္ဏာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦး၊ နေပြည်တော်စည်ပင်မှ တာဝန်ရှိသူတစ်ဦးနှင့် ဆောက်လုပ်ရေးကုမ္ပဏီမှ အင်ဂျင်နီယာတစ်ဦးတို့ကို စစ်ဆေးခဲ့ကြောင်း အမှုနှင့်ပတ်သက်၍ ထွက်ပေါ်လာသည့် သတင်းများအရ သိရသည်။