လှည်းကူးမြို့နယ်တွင် လယ်ယာမြေများကို စိုက်ပျိုးခြင်းမရှိဘဲ ပလပ်ထားပြီးအခြားနည်းအမျိုးမျိုးဖြင့် အသုံးပြုနေခြင်းကို ရန်ကုန်တိုင်းအစိုးရက မည်သို့အရေးယူမည်ကို သိလိုကြောင်းလွှတ်တော်ကိုယ်စားလှယ် မေးခွန်းမေး
လှည်းကူးမြို့နယ်မှာ လယ်ယာမြေတွေကို စိုက်ပျိုးလုပ်ကိုင်ခြင်းမရှိဘဲ ပလပ်ထားတာ၊ ခြံစည်းရိုးတွေ၊ ကျောက်တိုင်တွေ ကာရံ စိုက်ထူထားတာ၊ အဆောက်အဦငယ်တွေ ပြုလုပ်နေတာကြောင့် ရန်ကုန်တိုင်းအစိုးရအဖွဲ့က မည်ကဲ့သို့ အရေးယူဆောင်ရွက်မယ်ဆိုတာကို သိရှိလိုတယ်လို့ လှည်းကူးမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်မြတ်မာလာထွန်းက မေးခွန်းမေး မြန်းခဲ့ပါတယ်။