အရပ်သားများ အသတ်ခံရသည့် ကိစ္စအတွက် အမေရိကန်နှင့် ဥရောပက ရုရှားကိုပိတ်ဆို့မှု အသစ်များ ချမှတ်ရန်စီစဉ်
ဘူချာမြို့တွင် အရပ်သားများ အသတ်ခံရသည့် ကိစ္စအတွက် အမေရိကန်နှင့် ဥရောပက ရုရှားကို ပိတ်ဆို့မှု အသစ်များ ချမှတ်ရန် စီစဉ်
အမေရိကန်ပြည်ထောင်စုနှင့် ဥရောပ သည် ယူကရိန်းတွင် အရပ်သားများ အသတ် ခံရသည့်ကိစ္စနှင့် ပတ်သက်၍ ရုရှားကို အပြစ်ပေးရေးအတွက် ဧပြီလ ၅ ရက်တွင် ပိတ်ဆို့ မှုအသစ်များကို စီစဉ်လျက်ရှိကြပြီး ယူကရိန်း သမ္မတဗိုလိုဒီမာဇယ်လင်စကီးကလည်း ရုရှား ကျူးကျော်ရေးသမားများ သိမ်းပိုက်ခဲ့သည့် နေရာများ၌နောက်ထပ်သေဆုံးသူများကို ဖော်နိုင်မည့် အလားအလာရှိနေကြောင်း သ တိပေးပြောဆိုခဲ့ပါတယ်။