ရဟတ်ယာဉ် ဝယ်ယူခြင်းနှင့်ပတ်သက်၍ ဦးဝင်းမြင့်နှင့် ဒေါ်အောင်ဆန်းစုကြည် အမှုတရားလိုဖြစ်သူအား စစ်ဆေး

ရဟတ်ယာဉ် ဝယ်ယူခြင်းနှင့်ပတ်သက်၍ ဦးဝင်းမြင့်နှင့် ဒေါ်အောင်ဆန်းစုကြည် အမှုတရားလိုဖြစ်သူအား စစ်ဆေး
Published 7 April 2022

ရဟတ်ယာဉ် ဝယ်ယူခြင်းနှင့်ပတ်သက်၍ ဦးဝင်းမြင့်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့အား အဂတိဖြင့် တရားစွဲထားသည့် အမှုအတွက် တရားလိုဖြစ်သူအား စစ်ဆေး

ရဟတ်ယာဉ် ငှားရမ်းခြင်း၊ ဝယ်ယူခြင်းများတွင် လုပ်ပိုင်ခွင့်အာဏာကို အသုံးပြု၍ ခွင့်ပြုပေးခဲ့သဖြင့် ဘဏ္ဍာငွေကြေးများ နစ်နာ ဆုံးရှုံးခဲ့ခြင်းကြောင့် ဦးဝင်းမြင့်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့အား အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေဖြင့် အမှုဖွင့် ထားသည့် ရာဇဝတ်ကြီးအမှုအမှတ် ၄၆၊ ၄၇၊ ၄၈၊ ၄၉၊ ၅၀ တို့အနက် ရဟတ်ယာဉ်ဝယ်ယူခြင်းနှင့်ပတ်သက်၍ တရားစွဲ ဆိုထား သည့် ရာဇဝတ်ကြီးအမှုအမှတ် ၄၉ အတွက် တရားလိုဖြစ်သူ ဦးအောင်ခန့်အား စစ်ဆေးခဲ့ကြောင်း အမှုနှင့်ပတ်သက်၍ ထွက်ပေါ်လာသည့် သတင်းများအရ သိရသည်။