ကော့ကရိတ်မြို့အနီး အာရှလမ်းသစ်တွင် ကျွဲ၊နွားတင်ဆောင်လာသောကားတိမ်းမှောက်ပြီး လူ၂ဦးသေဆုံးကာ ကျွဲ၊နွား ၂၀ကျော်သေဆုံးကြောင်းသိရ
မြဝတီ-ကော့ကရိတ်အာရှလမ်းသစ် ကော့ကရိတ်မြို့အထွက် ကော့နွဲတံတားအနီးမှာ ဧပြီလ ၆ရက်နေ့ မနက်က ကျွဲ၊ နွားတင်ဆောင်လာသော ၆ဘီးယာဉ် တစ်စီး တိမ်းမှောက်ပြီး ယာဉ် မောင်းနဲ့ ယာဉ်နောက်လိုက်တို့နှစ်ဦးစလုံး သေဆုံးခဲ့တယ်လို့ သိရပါတယ်။