TNLA အဖွဲ့နှင့် ပန်းဆေးပြည်သူ့စစ်တပ်ဖွဲ့တို့ တိုက်ခိုက်မှုဖြစ်ပွားခဲ့ပြီး ပန်းဆေးပြည်သူ့စစ်ဒုတိယခေါင်းဆောင် ဖမ်းဆီးခံရကာ သုံးဦးသေဆုံး
ရှမ်းပြည်နယ်မြောက်ပိုင်း နမ်းခမ်းမြို့နယ် တာကွန်ကျေးရွာနဲ့ နုံအံလို(ခ) နောင်အန်ရွာအထက်ပိုင်းမှာ ဧပြီ ၇ ရက်မနက် ၁၁ နာရီခန့်က တအာင်းလွတ်မြောက်ရေးတပ်မတော်(TNLA)အဖွဲ့နဲ့ ပန်းဆေးပြည်သူ့စစ်တပ်ဖွဲ့တို့ ထိတွေ့တိုက်ခိုက်မှုဖြစ်ပွားခဲ့ရာ ပန်းဆေးပြည်သူ့စစ် ဒုတိယခေါင်းဆောင် အဖမ်းခံရပြီး ပြည်သူ့စစ်ဘက်မှ သုံးဦး သေဆုံးကာ ငါးဦးဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။