စစ်ပွဲရပ်စေရေးအတွက် အနောက်နိုင်ငံများက ရုရှားကို အထိနာစေသောပိတ်ဆို့မှုများ ချမှတ်စေလိုကြောင်း ယူကရိန်း ပြောကြား
စစ်ရာဇဝတ်မှုတွေဖြစ်တယ်လို့ အနောက်အုပ်စုက ရှုတ်ချခဲ့တဲ့ အရပ်သားသတ်ဖြတ်ခံရခြင်းတွေအတွက် နိုင်ငံအချို့က အပြစ်ပေးအရေးယူခြင်းထက် ငွေကိုဦးစားပေးဆဲဖြစ်တယ်လို့ စွပ်စွဲခဲ့ပြီးနောက် ယူကရိန်းက ရုရှားစစ်ပွဲအဆုံးသတ်ရန် ရုရှားကို စီးပွားရေးအရ အထိနာစေတဲ့ပိတ်ဆို့မှုတွေ ချမှတ်စေလိုနေတယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြခဲ့ပါတယ်။