ယူကရိန်းရထားဘူတာရုံတစ်ခုကို ဒုံးကျည်ထိမှန်ခဲ့ရာမှ ကလေးငါးဦးအပါအဝင် အနည်းဆုံးအရပ်သား ၅၂ ဦး သေဆုံး
ယူကရိန်းအရှေ့ပိုင်းက ရထားဘူတာရုံတစ်ခုကို ဒုံးကျည်ထိမှန်ခဲ့ရာကနေ လူ ၅၂ ဦးသေဆုံး ခဲ့ပြီးနောက် ယူကရိန်းသမ္မတဗိုလိုဒီမာဇယ်လန်စကီးက တစ်ကမ္ဘာလုံးခိုင်ခိုင်မာမာတုံ့ပြန်ဖို့ ဧပြီ ၈ ရက်မှာ တောင်းဆိုလိုက်ပါတယ်။