ရွာငံမြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲအဖြေလွှာများ ပေးပို့ပြီး ပြန်လာသည့် မော်တော်ယာဉ် ပစ်ခတ်ခံရ
ရွာငံမြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲအဖြေလွှာများ ပေးပို့ပြီး ပြန်လာသည့် မော်တော်ယာဉ် ပစ်ခတ်ခံရပြီး နှစ်ဦးသေဆုံးကာ တစ်ဦးဒဏ်ရာရရှိ
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ရွာငံမြို့နယ်မှာ တက္ကသိုလ်ဝင်စာမေးပွဲအဖြေလွှာတွေပေးပို့ပြီး ပြန်လာတဲ့ မော်တော်ယာဉ်တစ်စီးဟာ ပစ်ခတ်ခံရပြီး လုံခြုံရေးတပ်ဖွဲ့ဝင်တစ်ဦးအပါအဝင် နှစ်ဦးသေဆုံးခဲ့ကာ ဒုမြို့နယ်ပညာရေးမှူးတစ်ဦးဒဏ်ရာရရှိခဲ့တယ်လို့ နစက, က သတင်းထုတ်ပြန်ထားပါတယ်။