စီးပွားရေး အကျပ်အတည်း ဆိုက်နေသည့် သီရိလင်္ကာတွင် ဆေးဝါးပြတ်လပ်လုနီးပါး ဖြစ်နေဟု ဆရာဝန်များ သတိပေး
သီရိလင်္ကာနိုင်ငံမှာ အသက်ကယ်ဆေးဝါးတွေပြတ်လပ်လုနီးပါးဖြစ်နေပြီး နိုင်ငံရဲ့ စီးပွားရေးအကျပ်အတည်းဟာ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါထက် လူသေဆုံးမှုတွေကို ပိုဆိုးရွားစေနိုင်တဲ့ အလားအလာ ရှိနေတယ်လို့ ဆရာဝန်တွေက သတိပေးလိုက်ပါတယ်။