လှိုင်လှိုင်ပေါ်စတင်ဝင်ရောက်လာသည့် ခရမ်းရွှေဝါနှင့် အညာရွှေဝါ ပဲတီစိမ်းများ မန္တလေးစျေးကွက်တွင် အမြင့်စျေးဖြင့် အရောင်းသွက်နေ
တရုတ်နိုင်ငံရဲ့ ဝယ်လိုအားကြောင့် ရန်ကုန်တိုင်းဒေသကြီးနဲ့ မန္တလေးတိုင်းဒေသကြီးတို့မှ လှိုင်လှိုင်ပေါ် စတင်ဝင်ရောက်လာတဲ့ အရည်အသွေးကောင်းမွန်တဲ့ ခရမ်းရွှေဝါနဲ့ အညာရွှေဝါအမျိုးအစား ပဲတီစိမ်းတွေဟာ မန္တလေးစျေးကွက်မှာ အမြင့်စျေးနဲ့ အရောင်းသွက်နေတယ်လို့ သိရပါတယ်။