သမီး က အသက် ၂၀ ကျော် မှ အနုပညာ အလုပ်တွေ ပို လုပ်သွားမှာပါ

သမီး က အသက် ၂၀ ကျော် မှ အနုပညာ အလုပ်တွေ ပို လုပ်သွားမှာပါ
Published 23 April 2022

သမီး အနုပညာ အလုပ်တွေ နဲ့ ၂ နှစ်လောက်ဝေးသွားပါတယ်. ကိုဗစ်ရောဂါ ကြောင့် မေမေ က ကိုယ်ခံအားကောင်းအောင် ကျွေးရင်း အခု ဝတုတ်လေး ဖြစ်နေတယ်. သမီး ပိန်အောင်ပြန်လုပ်မှာပါ. သမီး က အနုပညာ အလုပ်တွေ လုပ်ချင်တာ ဆိုတော့ ပိန်အောင် လုပ်ရမယ်လေ. အခု သမီး အသက် ၉ နှစ်ပါ. အခု အသက်အရွယ်မှာတော့ အနုပညာ အလုပ်တွေ ကို နည်းနည်း ပဲ လုပ်ပါမယ်. သမီး ကို ပရိသတ် က ကလေး သရုပ်ဆောင် လို့ ထင်သွား မှာ စိုးလို့ သမီး အသက် ၂၀ ကျော် မှ အနုပညာ ကို ပို လုပ်သွား မှာပါ ဆိုတဲ့ ကလေး အနုပညာ ရှင် သုသဒ္ဒါဖြူ

Most Viewed

Most Recent