လွိုင်ကော်မြို့ NLD ရုံးရှေ့တွင်ထပ်ဖွင့်သည့် ကရင်နီလူငယ်အင်အားစုသပိတ်စခန်းကို ထပ်မံဖယ်ရှားခဲ့ပြီး ကရင်နီလူငယ် ၁၀ ဦးခန့်ကို ဖမ်းဆီးခေါ်ဆောင်
ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ် ပြောင်းရွှေ့ပေးရေးနှင့် တောင်းဆိုချက်များရရှိဖို့ လွိုင်ကော်မြို့ ပြည်နယ် NLD ရုံးရှေ့မှာ ဖွင့်ခဲ့တဲ့ ကရင်နီလူငယ်အင်အားစုသပိတ်စခန်းကို ဖေဖော်ဝါရီ ၇ ရက်မှာဖယ်ရှားခဲ့ပြီးနောက် မနေ့က ဖေဖော်ဝါရီ ၇ ရက်ည၈ နာရီမှာ ထပ်မံဖွင့်လှစ််တဲ့သပိတ်စခန်းကိုလည်း ဒီကနေ့ ဖေဖော်ဝါရီ ၈ ရက်နေ့ မနက်ပိုင်းမှာထပ်မံဖယ်ရှားခဲ့ပြီး ပါတီရုံးကို ဆူးကြိုးတွေနဲ့ ကာရံထားတယ်လို့ Eleven Media Group ရဲ့ လွိုင်ကော်မြို့သတင်းထောက်က သတင်းပေးပို့ပါတယ်။