ပေကျင်းတွင် ကိုဗစ်ကူးစက်မှုများပြန်လည်ဖြစ်ပွားလာသဖြင့် မြို့ခံအများအပြား ဆေးစစ်မှုခံယူရေး စတင်ဆောင်ရွက်
တရုတ်မြို့တော် ပေကျင်းရှိ အာဏာပိုင်တွေက ကူးစက်ရောဂါဖြစ်ပွားမှုကို အမြန်ဆုံးထိန်းချုပ်ဖို့နဲ့ ရှန်ဟိုင်းမြို့ကို အခက်အခဲ ဖြစ်စေခဲ့တဲ့ မြို့အနှံ့ Lockdown ချခြင်းမျိုးကို ရှောင်လွှဲနိုင်ဖို့ ကြိုးစားနေချိန် ဧပြီ ၂၆ ရက်က ပေကျင်းမြို့ခံလေးပုံသုံးပုံဟာ ကိုဗစ် ဆေးစစ်မှုခံယူဖို့ စတင်တန်းစီခဲ့ကြတယ်လို့ သိရပါတယ်။