ချင်းမိုင်မြို့ရှိကောင်စစ်ဝန်ရုံးတွင်လျှို့ဝှက်စစ်ဆင်ရေးများပြုလုပ်နေသည်ဆိုသည့်ကို အမေရိကန် ငြင်းဆို
ထိုင်းနိုင်ငံ ချင်းမိုင်မြို့ရှိ ကောင်စစ်ဝန်ရုံးတွင် မြန်မာနိုင်ငံရှိ လက်နက်ကိုင်များအား ထောက်ပံ့ရေး အပါအဝင် လျှို့ဝှက်စစ်ဆင်ရေးများ ပြုလုပ်နေသည်ဆိုသည့် စွပ်စွဲချက်ကို အမေရိကန် ငြင်းဆို
အမေရိကန်အနေနဲ့ ထိုင်းနိုင်ငံ ချင်းမိုင်မြို့ရှိ သူ့ရဲ့ကောင်စစ်ဝန်ရုံးကို မြန်မာနိုင်ငံရှိ လက်နက်ကိုင်တွေကို လက်နက်များ ထောက်ပံ့ပေးရေးအပါအဝင် စစ်ရေးအရအသုံးချနေတယ်ဆိုတဲ့ ထိုင်းပြည်တွင်း အဖွဲ့တစ်ဖွဲ့ရဲ့ စွပ်စွဲချက်တွေကို ငြင်းဆိုခဲ့ပါတယ်။