ငြိမ်းချမ်းရေးဆွေးနွေးရန် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် ဆက်သွယ်ဆောင်ရွက်နေပြီး တက်ရောက် နိုင်သည့် အခြေအနေကောင်းများ ရှိကြောင်း နစက ပြောရေးဆိုခွင့်ရှိသူ ပြောကြား
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ငြိမ်းချမ်းရေး ဆွေးနွေးဖို့အတွက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ ဆက်သွယ်ဆောင်ရွက်နေပြီး တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေတက်ရောက်နိုင်တဲ့ အခြေအနေကောင်းတွေရှိကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောကြားပါတယ်။