ယူနက်စကိုစာရင်းဝင် ပုဂံရှေးဟောင်းဒေသရှိ ရှေးဟောင်းရုပ်တုအချို့ ခိုးယူခံရမှုတွင် တရားခံခြောက်ဦးကို ဖမ်းဆီးရမိ
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ယူနက်စကိုစာရင်းဝင် ပုဂံရှေးဟောင်းဒေသမှာရှိတဲ့ ရှေးဟောင်းရုပ်တုအချို့ ခိုးယူခံရမှုမှာ တရားခံခြောက်ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း ရှေးဟောင်းသုတေသနဌာနနဲ့ အမျိုးသားပြတိုက်ဦးစီးဌာန (ပုဂံဌာနခွဲ) ထံက သိရပါတယ်။