လယ်ယာသုံးစက်ကိရိယာများနှင့် လယ်ယာစီးပွားအခြေခံ စက်ရုံအလုပ်ရုံများတည်ဆောက်နိုင်ရန်

လယ်ယာသုံးစက်ကိရိယာများနှင့် လယ်ယာစီးပွားအခြေခံ စက်ရုံအလုပ်ရုံများတည်ဆောက်နိုင်ရန်
Published 30 April 2022

လယ်ယာသုံးစက်ကိရိယာများနှင့် လယ်ယာစီးပွားအခြေခံ စက်ရုံအလုပ်ရုံများတည်ဆောက်နိုင်ရန် တောင်သူတစ်ဦးချင်း ကျပ်သိန်း ၇၀၀ အထိ ထုတ်ချေးလျက်ရှိဟုဆို

လယ်ယာကုန်ထုတ်လုပ်ငန်းတွေမှာ အဓိကအသုံးပြုတဲ့ လယ်ယာသုံးစက်ကိရိယာတွေနဲ့ လယ်ယာစီးပွား အခြေခံ စက်ရုံအလုပ်ရုံတွေ တည်ဆောက်နိုင်ဖို့ တောင်သူတစ်ဦးချင်းကို ကျပ်သိန်း ၇၀၀ အထိ ထုတ်ချေးလျက်ရှိတယ်လို့ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက ပြောပါတယ်။