အိန္ဒိယနှင့် ပါကစ္စတန်တွင် အပူလှိုင်းများဖြတ်နေသဖြင့် အာဏာပိုင်များက သတိပေးချက်များ ထုတ်ပြန်
ပါကစ္စတန်နိုင်ငံတွင် ၆၁ နှစ်အတွင်း အပူပြင်းဆုံး မတ်လအဖြစ် စံချိန်တင်ခဲ့ပြီး နောက် အာဏာပိုင်များက အပူလှိုင်းဖြတ်မှု နှင့်ပတ်သက်ပြီး သတိပေးချက်ထုတ်ပြန်ထား ချိန်တွင် အိမ်နီးချင်း အိန္ဒိယနိုင်ငံ၏ အချို့နေ ရာဒေသများတွင်လည်း ဧပြီ ၂၉ ရက်က ပြင်း ထန်သည့် အပူလှိုင်းဖြတ်မှုကြောင့် စာသင် ကျောင်းများပိတ်ခဲ့ရကာ လမ်းများပေါ်တွင် လည်း လူသွားလူလာမရှိဘဲ ခြောက်ကပ်နေခဲ့ သည်။