အိန္ဒိယ၏ မဟာရက်ရှ်ထရာပြည်နယ်တွင် ပြင်းထန်သည့် အပူချိန်ကြောင့် လူ ၂၅ ဦးခန့် သေဆုံး
အိန္ဒိယနိုင်ငံအနောက်ပိုင်း မဟာရက်ရှ် ထရာပြည်နယ်မှာ မတ်လကုန်ကတည်းက အပူလျှပ်မှုကြောင့် လူ ၂၅ ဦးသေဆုံးခဲ့ပြီး ဒါဟာငါးနှစ်အတွင်း သေဆုံးသူအများဆုံးဖြစ်ခဲ့ကာ နိုင်ငံတစ်ဝန်းမှာ အပူချိန် ၄၀ ဒီဂရီ ဆဲလ်စီးယပ်စ်ကျော်ရှိနေတဲ့အတွက် သေဆုံးသူတွေ ပိုမိုများပြားလာဖွယ်ရှိနေပါတယ်။