ယူကရိန်းအကျပ်အတည်းအပေါ် အင်အားကြီးနိုင်ငံများမှ မတုံ့ပြန်လျှင် ယင်းပဋိပက္ခပုံစံမျိုး အရှေ့အာရှတွင်လည်း ဖြစ်နိုင်ဟု ဂျပန်ဝန်ကြီးချုပ် သတိပေး
ယူကရိန်း အကျပ်အတည်းကို အင်အားကြီးနိုင်ငံတွေက တုံ့ပြန်ခြင်းမပြုရင် အဲဒီလိုပဋိပက္ခပုံစံမျိုး အရှေ့အာရှမှာလည်း ဖြစ်ပွားလာနိုင်တယ်လို့ ဂျပန်ဝန်ကြီးချုပ် ဖူမီ ယို ကီရှီဒါက မေ ၆ ရက်က သတိပေးခဲ့ပြီး ထိုင်ဝမ်ရေလက်ကြားမှာ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးကို ထိန်းသိမ်းထားရမယ်လို့ ပြောကြားခဲ့ပါတယ်။