ကမ်းနားလမ်းသစ်တွင် ကွန်တိန်နာယာဉ်များ ယာဉ်စည်းကမ်းမလိုက်နာမှုကြောင့် ယာဉ်ကြောပိတ်ဆို့မှု၊ ယာဉ်ထိခိုက်မှုနှင့် လူသေဆုံးမှုများရှိနေသဖြင့် သက်ဆိုင်ရာက ကြပ်မတ်ရန် ရန်ကုန်တိုင်းလွှတ်တော်ကိုယ်စားလှယ် တိုက်တွန်း
ကမ်းနားလမ်းသစ်(ကွန်ကရစ်လမ်းမကြီး)မှာ ကွန်တိန်နာယာဉ်တွေ ယာဉ်စည်းကမ်းမလိုက်နာတဲ့အတွက် ယာဉ်ကြေပိတ်ဆို့မှု၊ ယာဉ်ထိခိုက်မှုနဲ့ လူသေဆုံးမှုတွေရှိနေတဲ့အတွက် သက်ဆိုင်ရာဌာနတွေအနေနဲ့ ကြပ်မတ်ဖို့ လိုအပ်တယ်လို့ ဆိပ်ကမ်းမြို့နယ်၊ မဲဆန္ဒနယ်အမှတ် ၁ မှ ရန်ကုန်တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးစံကျော်က ပြောပါတယ်။