ခါရှော့ဂျီကို ကျည်ဆန်သုံးမည်ဟု ဆော်ဒီအိမ်ရှေ့မင်းသားက ၎င်း၏လက်ထောက်အား ပြောဆိုခဲ့ကြောင်း နယူးယောက်တိုင်းမ်သတင်းစာ ဖော်ပြ
သတင်းထောက်ဂျမားခါရှော့ဂျီ အသတ်မခံရခင် တစ်နှစ်အလိုက ခါရှော့ဂျီအနေနဲ့ မိခင်နိုင်ငံကို ပြန်မလာဘဲ ဆော်ဒီအစိုးရအပေါ် ဝေဖန်မှုတွေကို မရပ်တန့်ဘူးဆိုရင် ကျည်ဆန်အသုံးပြုရမှာဖြစ်ကြောင်း ဆော်ဒီအိမ်ရှေ့မင်းသားမိုဟာမက် ဘင်ဆယ်မန်က သူ့ရဲ့ လက်ထောက်တစ်ဦးကို ပြောဆိုခဲ့တယ်လို့ နယူးယောက်တိုင်းမ်သတင်းဖော်ပြချက်အရ သိရပါတယ်။