“အာစန်နီ” ၏ အရှိန်ကြောင့် မေ ၁၃ ရက်အထိ နိုင်ငံတစ်ဝန်းတွင် မိုးထစ်ချုန်းရွာနိုင်

“အာစန်နီ” ၏ အရှိန်ကြောင့် မေ ၁၃ ရက်အထိ နိုင်ငံတစ်ဝန်းတွင် မိုးထစ်ချုန်းရွာနိုင်
Published 10 May 2022

အားကောင်းသောဆိုင်ကလုန်းမုန်တိုင်း “အာစန်နီ” ၏ အရှိန်ကြောင့် မေ ၁၃ ရက်အထိ နိုင်ငံတစ်ဝန်းတွင် မိုးထစ်ချုန်းရွာနိုင်ပြီး ဒေသအလိုက်နှင့် နေရာကွက်၍ မိုးကြီးနိုင်

အားကောင်းတဲ့ ဆိုင်ကလုန်းမုန်တိုင်း “အာစန်နီ” ရဲ့ အရှိန်ကြောင့် မေ ၉ ရက်မနက်ပိုင်းမှ မေ ၁၃ ရက်အတွင်း နိုင်ငံတစ်ဝန်းမှာ နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာနိုင်ပြီး ဒေသအလိုက်နဲ့ နေရာကွက်ပြီး မိုးကြီးနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။