သက်ဆိုင်သူများ အားလုံးပါဝင်ဆွေးနွေးသည့် အခင်းအကျင်းမဖြစ်သည့်အတွက် ငြိမ်းချမ်းရေးဆွေးနွေးရေးဖိတ်ခေါ်မှုအပေါ် တက်ရောက်နိုင်မည် မဟုတ်ကြောင်း KNU ထုတ်ပြန်
သက်ဆိုင်သူတွေ အားလုံးပါဝင်ဆွေးနွေးတဲ့ အခင်းအကျင်းမဖြစ်တဲ့အတွက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ ငြိမ်းချမ်းရေး ဆွေးနွေးရေးဖိတ်ခေါ်မှုအပေါ် တက်ရောက်နိုင်မှာ မဟုတ်ကြောင်း ကရင်အမျိုးသားအစည်းအရုံး (KNU)က မေ ၉ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။