နှစ်နှစ်ကျော် ရပ်နားထားသည့် ထိုင်းနိုင်ငံသို့ MoU စနစ်ဖြင့် မြန်မာလုပ်သားစေလွှတ်မှုပြန်လည်စတင်ခဲ့ပြီး မြန်မာလုပ်သား ၂၈၈ ဦး စတင်ဝင်ရောက်ခွင့်ရ
မြန်မာ-ထိုင်းမြဝတီနယ်စပ်မှ တဆင့် MoU လုပ်သားအဖြစ် တရားဝင်စေလွှတ်တာကို နှစ်နှစ်ကျော် ရပ်ဆိုင်းထားရာမှ မေ ၁၀ ရက်က ပထမဆုံးအသုတ်အဖြစ် မြန်မာလုပ်သား ၂၈၈ ဦးကို ထိုင်းနိုင်ငံသို့ မြဝတီ-မဲဆောက်အမှတ် ၂ ချစ်ကြည်ရေးတံတားမှ တစ်ဆင့် တရားဝင် ဝင်ရောက်ခွင့်ရခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။