အိန္ဒိယက မြန်မာပဲ၊ နှမ်းတင်ပို့မှုကို ပိတ်ပင်လိုက်မှုကြောင့် ဈေးကွက်အတွင်းထိခိုက်မှုမရှိစေရန် အချက်သုံးချက်ကို အဓိကတောင်းဆိုသွားမည်
အိန္ဒိယနိုင်ငံက ဇန်နဝါရီလ ၃၁ ရက်နေ့က စပြီး မြန်မာ့ပဲနှမ်းတင်ပို့မှုပိတ်လိုက်တာကြောင့် ပဲနှမ်းပေါ်ချိန် တောင်သူတွေ အခက်အခဲရှိလာနိုင်ပြီး ထိခိုက်မှုကြီးမရှိအောင် အချက် သုံးချက်ကို တောင်းဆိုလုပ်ဆောင်သွားမယ်လို့ ပဲမျိုးစုံနှင့် နှမ်းကုန်သည်ကြီးများအသင်းအထွေထွေအတွင်းရေးမှူး ဦးမင်းကိုဦးက ပြောပါတယ်။