မရမ်းကုန်းမြို့နယ် ကျိုက်ဝိုင်းဘုရားလမ်းရှိ အမှတ် ၃ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးအတွင်း သေနတ်ဖြင့်ဝင်ရောက်ပစ်ခတ်မှုဖြစ်ပွားရာ နှစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရ
မရမ်းကုန်းမြို့နယ်၊ကျိုက်ဝိုင်းဘုရားလမ်းရှိ အမှတ် ၃ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးအတွင်း မေ ၁၁ ရက်၊ နံနက် ၁၀ နာရီခန့်က သေနတ်ဖြင့်ဝင်ရောက်ပစ်ခတ်မှုဖြစ်ပွားရာ နှစ်ဦးသေဆုံးပြီး တစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း အဆိုပါအနီးဝန်းကျင်နေထိုင်သူများထံမှ စုံစမ်းသိရှိရပါတယ်၊