ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေး ပူးပေါင်းကော်မတီ ဖွဲ့စည်းရန် တပ်မတော်သားကိုယ်စားလှယ်များ အပါအဝင် ပါတီစုံမှ ကိုယ်စားလှယ်များဖြင့် ညှိနှိုင်းအစည်းအဝေး ပြုလုပ်ခဲ့ရာ အချိုးကျ ပါဝင်မှုကိစ္စကြောင့် ဆုံးဖြတ်ချက် မချနိုင်ဘဲ ထပ်မံဆွေးနွေးမည်
ဖွဲ့စည်းပုံပြင်ဆင်ရေး ပူးပေါင်းကော်မတီဖွဲ့ဖို့အတွက် တပ်မတော်သားကိုယ်စားလှယ် ခေါင်းဆောင်တွေ အပါအဝင် ပါတီစုံမှ ကိုယ်စားလှယ်တွေနဲ့ ညှိနှိုင်း အစည်းအဝေးကို ဖေဖော်ဝါရီလ ၈ ရက်နေ့က ပြုလုပ်ခဲ့ရာ အချိုးကျပါဝင်မှုကိစ္စကြောင့် အစည်းအဝေး ဆုံးဖြတ်ချက် မချနိုင်ဘဲ ထပ်မံဆွေးနွေးမယ်လို့ သိရပါတယ်။