အမေရိကန်-အာဆီယံ ထိပ်သီးအစည်းအဝေးတွင် မြန်မာနိုင်ငံမှ နိုင်ငံရေးနှင့် မပတ်သက်သည့်ကိုယ်စားလှယ်ကိုသာ ဖိတ်ကြားမည်ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် ပြောကြား(ရုပ်သံ)
အာဆီယံ ဘုံသဘောတူညီချက်ငါးရပ်ကို အကောင်ထည် ဖော်မှု မရှိသည့် အတွက် အမေရိကန်-အာဆီယံ ထိပ်သီး အစည်းအဝေးတွင် မြန်မာနိုင်ငံမှ နိုင်ငံရေးနှင့် မပတ်သက်သည့်ကိုယ်စားလှယ်ကိုသာ ဖိတ်ကြားမည်ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် နက်ဒိပရိုက်က ပြောကြားတယ်လို့ မြန်မာနိုင်ငံ အမေရိကန်သံရုံးက မေ ၁၁ ရက်နေ့တွင် ထုတ်ပြန်ပါတယ်၊