■ ဦးဝင်းမြင့်၊ ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးမင်းသူတို့ကို ပုဒ်မ ၁၃၀-ကဖြင့် စွဲဆိုထားသည့်အမှု စွဲချက်တင်သင့်၊ မတင်သင့် လာမည့်ရုံးချိန်းတွင် လျှောက်လဲချက်ပေးရမည်
■ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နောက်ပိုင်း သံဃာ ၄၃ ပါး သတ်ဖြတ်ခံခဲ့ရပြီး ခုနှစ်ပါး ဒဏ်ရာရရှိ
■ သီရိလင်္ကာဝန်ကြီးချုပ်ဟောင်းနှင့် မဟာမိတ်များကို နိုင်ငံအတွင်းမှ ထွက်ခွာခွင့် ပိတ်ပင်
■ အာဖဂန်တွင် အမျိုးသမီးများနှင့် မိန်းကလေးများအပေါ် တားမြစ်ကန့်သတ်ချက်များ တိုးမြှင့်မှုအတွက် တာလီဘန်အဖွဲ့ကို ဂျီ ၇ အဖွဲ့ ရှုတ်ချ
■ တစ်နှစ်တာဝင်ငွေအကောင်းဆုံး အားကစားသမားအဖြစ် မက်ဆီ ဦးဆောင်ခဲ့ပြီး စီရော်နယ်လ်ဒို တတိယနေရာတွင် ရပ်တည်