မုဒုံမြို့နယ် ကမာဝက်မြို့တွင် စိတ်မနှံ့သူတစ်ဦးက မိမိကိုယ်မိမိ မီးရှို့သတ်သေရာမှ နေအိမ် ငါးလုံး မီးလောင် ဆုံးရှုံး
မွန်ပြည်နယ် မုဒုံမြို့နယ် ကမာဝက်မြို့သိမ်ကုန်းရပ်ကွက်မှာ ဖေဖေါ်ဝါရီလ (၈) ရက် မနက်ပိုင်းက စိတ်မနှံ့သူတစ်ဦးမှ ကိုယ့်ကိုယ်ကိုယ် မီးရှို့သတ်သေရာကတစ်ဆင့် နေအိမ် ငါးလုံး မီးလောင်ဆုံးရှုံးခဲ့ပြီး လူတစ်ဦး သေဆုံးမှုဖြစ်ပွား ခဲ့တယ်လို့ သိရပါတယ်။