တရုတ်နိုင်ငံအကျဉ်းထောင်များ၌ ပြစ်ဒဏ်ကျခံနေရသူ ၁၇၀ အား ကြိုတင်အကြောင်းမကြားဘဲ လွှဲပြောင်းပြည်နှင်ခဲ့
တရုတ်နိုင်ငံအကျဉ်းထောင်များ၌ အကြောင်းအမျိုးမျိုးကြောင့် ပြစ်ဒဏ်ကျခံနေရသူ ၁၇၀ အား တရုတ်အစိုးရက မြန်မာဘက်ကို ကြိုတင်အကြောင်းမကြားဘဲ လွှဲပြောင်းပြည်နှင်ခဲ့(ရုပ်သံ)
တရုတ်နိုင်ငံအတွင်း အကျဉ်းထောင်တွေမှာ အကြောင်းအမျိုးမျိုးကြောင့် ပြစ်ဒဏ်ကျခံနေရသူ ၁၇၀ ဦးကို တရုတ်အစိုးရ က မြန်မာဘက်ကို ကြိုတင်အကြောင်းကြားခြင်းမရှိဘဲ ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်ခရိုင်၊ မူဆယ်မြို့၊ တရုတ် - မြန်မာနှစ် နိုင်ငံ ပြည်ဝင်ပြည်ထွက်စစ်ဆေးရေးဂိတ်ဖြစ်တဲ့ နန်းတော်ဂိတ်မှာ မေ ၁၉ ရက် နံနက် ၉ နာရီခန့်က လွှဲပြောင်းပြည်နှင်ခဲ့တယ်လို့ သိရပါတယ်။