သံတမန်ရေးရာလုပ်ဆောင်မှုများဖြင့်သာ စစ်ပွဲကို အဆုံးသတ်နိုင်လိမ့်မည်ဟု ယူကရိန်းသမ္မတ သတိပေး
ယူကရိန်းအပေါ်ဆင်နွှဲနေတဲ့ ရုရှားရဲ့စစ်ပွဲကို စစ်ရေးအရအနိုင်ယူပြီး အဆုံးသတ်တာထက် သံတမန်ရေးရာ အားထုတ် ကြိုးပမ်းတဲ့လုပ်ဆောင်ချက်နဲ့သာ အဆုံးသတ်နိုင်လိမ့်မယ်လို့ ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇယ်လန်စကီးက မေ ၂၁ ရက်မှာ ပြော ကြားခဲ့ပါတယ်။