ဒေါ်အောင်ဆန်းစုကြည်၊ စီမံ/ဘဏ္ဍာဝန်ကြီးဟောင်း သုံးဦးနှင့် ရှောင်တာနယ်တို့အား လျှို့ဝှက်အက်ဥပဒေဖြင့် စွဲချက် တင်သင့်၊ မတင်သင့် ဇွန် ၉ ရက် ရုံးချိန်းတွင် အမိန့်ချမည်
ဒေါ်အောင်ဆန်းစုကြည်၊ စီမံ/ဘဏ္ဍာဝန်ကြီးဟောင်း ဦးကျော်ဝင်းနှင့် ဦးစိုးဝင်း၊ ဒုတိယဝန်ကြီးဟောင်း ဦးဆက်အောင် နှင့် သြစတြေးလျနိုင်ငံသား မစ္စတာ ရှောင်တာနယ်တို့ကို မြန်မာနိုင်ငံ အစိုးရလျှို့ဝှက်ချက်များအက်ဥပဒေဖြင့် တရားစွဲထားသည့်အမှုနှင့်ပတ်သက်၍ ဇွန် ၉ ရက်တွင် ချိန်းဆိုထားသော ရုံးချိန်း၌ အမှုဖြင့် စွဲချက်တင်သင့်၊ မတင်သင့် အမိန့်ချမှတ်မည်ဖြစ်ကြောင်း အမှုနှင့်ပတ်သက်၍ ထွက်ပေါ်လာသည့် သတင်းများအရ သိရပါတယ်၊