ကျွန်တော်တို့က လက်နက်ကိုပဲ ဦးစားပေးတဲ့ လူ့အဖွဲ့အစည်းဖြစ်နေဆဲဖြစ်နေတာကို ဝမ်းနည်းစွာတွေ့ရပါတယ်

ကျွန်တော်တို့က လက်နက်ကိုပဲ ဦးစားပေးတဲ့ လူ့အဖွဲ့အစည်းဖြစ်နေဆဲဖြစ်နေတာကို ဝမ်းနည်းစွာတွေ့ရပါတယ်
Published 28 May 2022

■ယဉ်ကျေးတဲ့လူ့အဖွဲ့အစည်းကို တည်ဆောက်နေတဲ့အချိန်မှာ ကျွန်တော်တို့က လက်နက်ကိုပဲ ဦးစားပေးတဲ့ လူ့အဖွဲ့အစည်းဖြစ်နေဆဲဖြစ်နေတာကို ဝမ်းနည်းစွာတွေ့ရပါတယ်။  
ဦးစိုင်းညွှန့်လွင် ၊ ဥက္ကဋ္ဌ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်

    ■ အခုတော့ နေရာတကာမှာ လက်နက်ဖြစ်နေတော့ 
တိုင်းပြည်တည်ဆောက်ရေးအတွက်လိုအပ်တဲ့ 
ပညာရဲ့အခန်းကဏ္ဍတွေပျောက်နေတယ်။ ပညာနဲ့ဆိုင်တဲ့လုပ်ငန်းတွေ နောက်ကျနေတဲ့အတွက်
တိုင်းပြည်အတွက်အလွန်ကို ထိခိုက်မှုကြီးမားတယ်လို့ဆိုချင်ပါတယ်၊၊

    ■ နိုင်ငံရေးပါတီတွေရဲ့ အခန်းကဏ္ဍက နိုင်ငံတစ်နိုင်ငံမှာ ဖျောက်ဖျက်ပစ်လို့ မရပါဘူး။ပျောက်ကွယ်သွားဖို့လည်းမရှိပါဘူး၊ အချိန်အခါသင့်တဲ့တနေ့မှာ နိုင်ငံရေးပါတီများရဲ့အခန်းကဏ္ဍက  မလွဲမသွေအရေးပါလာအုံးမှာ ဖြစ်ပါတယ်။

မေလ ၂၆ ရက်နေ့က ကျင်းပခဲ့တဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ နိုင်ငံလုံးဆိုင်ရာ ညီလာခံမှာ ပြောကြားခဲ့တဲ့ ဥက္ကဋ္ဌ ဦးစိုင်းညွှန့်လွင်ရဲ့ မိန့်ခွန်းမှထုတ်နှုတ်ဖော်ပြထားတာဖြစ်ပါတယ်၊၊