■ ဦးဖြိုးဇေယျာသော်နှင့် ဦးဂျင်မီ အပါအဝင် သေဒဏ်ချမှတ်ခံရသူ လေးဦး၏ အယူခံ တင်သွင်းခြင်းများကို ပယ်ချ၍ သေဒဏ်အား အတည်ပြုခဲ့ကြောင်း နစက ပြောရေးဆိုခွင့်ရှိသူ ပြောကြား
■ ဘားအံမြို့ရှိ CB ဘဏ်ခွဲ(၂) ဓားပြတိုက်ခံရပြီး နာရီပိုင်းအကြာတွင် ဓားပြတိုက်ရာ၌ ပါဝင်သူများအနက် သုံးဦးအား ဘဏ်မှလုယက်သွားသည့် ကျပ်သိန်း ၁၂၀၀ ကျော်၊ လက်နက်များနှင့်အတူ ဖမ်းဆီးရမိ
■ ဦးဝင်းမြင့်၊ ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးမင်းသူတို့ကို UEC အပေါ် မလျော်သြဇာလွှမ်းမိုးခြင်းများရှိကြောင်း စွဲချက်ဖြင့် တရားစွဲဆိုထားသည့်အမှု စွဲချက်တင်
■ ရုရှားက ယူကရိန်းကို ကျူးကျော်မှု ရက် ၁၀ဝ ပြည့်တွင် နယ်မြေ ၂၀ ရာခိုင်နှုန်း ထိန်းချုပ်ခံထားရသည်ဟု ဇယ်လန်းစကီး ပြောကြား
■ တင်းကျပ်သည့် သေနတ်ထိန်းချုပ်ရေးဥပဒေများ ပြဋ္ဌာန်းရန် အမေရိကန်လွှတ်တော်အမတ်များကို သမ္မတဂျိုးဘိုင်ဒင် မေတ္တာရပ်ခံ
■ ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ကျူးကျော်စစ် ရပ်တန့်ပေးရန် ပူတင်ကို ပီလီ တောင်းဆို