ကင်ဂျုံအွန် စိတ်ကူးနေသော နျူကလီးယားအင်အားကြီးနိုင်ငံနှင့် ပျောက်ဆုံးနေသော ငြိမ်းချမ်းရေးအလင်းရောင်

ကင်ဂျုံအွန် စိတ်ကူးနေသော နျူကလီးယားအင်အားကြီးနိုင်ငံနှင့် ပျောက်ဆုံးနေသော ငြိမ်းချမ်းရေးအလင်းရောင်
Published 8 June 2022

ကင်ဂျုံအွန် စိတ်ကူးနေသော နျူကလီးယားအင်အားကြီးနိုင်ငံနှင့် ပျောက်ဆုံးနေသော ငြိမ်းချမ်းရေးအလင်းရောင် နျူကလီးယားလက်နက်အစီအစဉ်တွေကြောင့် ပိတ်ဆို့အရေးယူမှုအများအပြားကို ခံထားရပေမဲ့ ခေါင်းဆောင်ကင်ဂျုံအွန်က အထီးကျန် မြောက်ကိုရီးယားနိုင်ငံကို နျူကလီးယားအင်အားကြီး နိုင်ငံဖြစ်စေလိုတဲ့ ဆန္ဒအခိုင်အမာရှိထားပုံပေါ်ပါတယ်။ ကင်ဂျုံအွန်က မြောက်ကိုရီးယားစစ်တပ်ကို ပိုမိုအင်အားကြီးလာအောင်တည်ဆောက်မယ်ဆိုတဲ့ ရည်မှန်းချက်ကို အကောင်အထည်ဖော်နေပြီး တောင်ကိုရီးယားကလည်း မြောက်ကိုရီးယားအပေါ် သဘောထားတင်းမာပုံရတဲ့ သမ္မတသစ် တစ်ဦးနဲ့ ရှေ့ဆက်နေပြီဖြစ်လို့ ကိုရီးယား ကျွန်းဆွယ် အကျပ်အတည်းမှာ မကြာမီ ပိုမိုကြီးထွားလာဖို့သာ ရှိပါတော့ပါတယ်။