သေဒဏ်ပြစ်ဒဏ် စီရင်ခြင်းအား ရှောင်ကြဉ်ရန် နစကဥက္ကဋ္ဌကို အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟွန်ဆန် ပန် ကြား (ရုပ်သံ)
အတိုက်အခံတွေကို သေဒဏ်စီရင်မိန့်ချမှတ်မယ့် အစီအစဉ်ကို ပြန်လည်စဉ်းစားပေးဖို့ အာဆီယံအလှည့်ကျဥက္ကဋ္ဌ ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟွန်ဆန်က နစကဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ပန် ကြားခဲ့တယ်လို့ သိရပါတယ်။