ပေကျင်းမြို့တော် ချောင်ယန်းဒေသတွင် COVID-19 ကူးစက်ခံရခြင်းရှိ၊မရှိ လူအုပ်စုလိုက် စစ်ဆေးမှုကြီးလုပ်ဆောင်ရန်ကြေညာ
တရုတ်နိုင်ငံ ပေကျင်းမြို့မှာ ဧပြီလက ကိုရိုနာဗိုင်းရပ်စ်ထန်းချုပ်ရေးဆိုင်ရာ ကန့်သတ်ချက်စည်းမျဉ်းတွေ ဖြေလျှော့ခဲ့ပြီးနောက် ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း ဈေးဝယ်ဒေသတစ်ခုရှိ ဘားတစ်ခုမှာ တွေ့ဆုံခဲ့တဲ့ COVID-19 ကူးစက်မှုတွေကို ထိန်းချုပ်နိုင်ဖို့ လူနေထူထပ်တဲ့ ချောင်ယန်းဒေသမှာ လူအုပ်စုလိုက် COVID-19 ကူးစက်ခံရခြင်း ရှိ၊မရှိ သုံးကြိမ် စစ်ဆေးသွားမယ်လို့ ထုတ်ပြန်ကြေညာခဲ့ပါတယ်။