ရန်ကုန်ဝန်ကြီးချုပ်ဟောင်းဦးလှစိုး၊ဝန်ကြီးဟောင်းဦးအောင်သန်းဦးနှင့် ရန်ကုန်တိုင်းအစိုးရအဖွဲ့အတွင်းရေးမှူးတို့အား အဂတိဖြင့် တရားစွဲဆို
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဟောင်း ဦးလှစိုး၊ စီးပွားရေးရာဝန်ကြီးဟောင်း ဦးအောင်သန်းဦးနဲ့ ရန်ကုန်တိုင်း အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးစိုးစိုးဇော်တို့ကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေနဲ့ တရားစွဲဆိုခဲ့တယ်လို့ အဂတိ လိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က ဇွန် ၁၅ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။