ရှင်ကျန်းဒေသ၏ လူ့အခွင့်အရေးအခြေအနေများနှင့် ပတ်သက်၍ တရုတ်ကို နိုင်ငံအများအပြား ဝေဖန်
တရုတ်နိုင်ငံ ရှင်ကျန်းဒေသမှာ လူ့အခွင့်အရေးချိုးဖောက်မှုတွေရှိနေတယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ပတ်သက်ပြီး ဒါဇင်နဲ့ ချီတဲ့ နိုင်ငံတွေက စိုးရိမ်ကြောင်း ပြောကြားခဲ့ကြပြီး ရှင်ကျန်းဒေသ လူ့အခွင့်အရေးအ ခြေအနေနဲ့ ပတ်သက်ပြီး ကာလကြာရှည် စောင့်ဆိုင်းခဲ့ရတဲ့ အစီရင်ခံစာတစ်စောင်ကို ထုတ်ပြန်ရန် လူ့အခွင့်အရေး အကြီးအကဲကို ဇွန် ၁၄ ရက်က တောင်းဆိုခဲ့ပါတယ်။