ကိုရိုနာဗိုင်းရပ်စ်ကူးစက်ရောဂါကို ခက်ခဲစွာ ထိန်းချုပ်နေရသည့် မြောက်ကိုရီးယားတွင် အမျိုးအမည်မသိ အစာအိမ်အူလမ်းကြောင်း ဆိုင်ရာကူးစက်ရောဂါ ဖြစ်ပွား(ရုပ်သံ)
လယ်ယာလုပ်ငန်းလုပ်ကိုင်တဲ့ ဒေသတစ်ခုမှာ အမျိုးအမည်မသိ အူလမ်းကြောင်းဆိုင်ရာရောဂါဖြစ်ပွားနေတယ်လို့ ဇွန် ၁၆ ရက်မှာ မြောက်ကိုရီးယားအစိုးရက ထုတ်ပြန်ခဲ့ရာ ကာလရှည်ဖြစ်ပွားနေတဲ့ စားနပ်ရိက္ခာမလုံလောက်တဲ့ ပြဿနာတွေ၊ မကြုံ ဖူးတဲ့ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုလှိုင်းတို့နဲ့ ရင်ဆိုင်နေရတဲ့အထီးကျန်နိုင်ငံအတွက် နောက်ထပ်ဖိအား ဖြစ်လာပါတယ်။