နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီနှင့် DKBA စစ်ဦးစီးချုပ် ဦးဆောင်သည့် ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့တို့ သုံးရက်တာ ဆွေးနွေးညှိုနှိုင်း သဘောတူညီချက်များအား လက်မှတ်ရေးထိုး
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီနှင့် ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် (DKBA)မှ စစ်ဦးစီးချုပ် စောစတီး ဦးဆောင်သည့် ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့တို့သည် သုံးရက်တာ ဆွေးနွေးညှိုနှိုင်း သဘောတူညီချက်များအား လက်မှတ်ရေးထိုးခဲ့ကြကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်ထားသည်။