ဦးဝင်းမြင့်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့အား ရဟတ်ယာဉ်ငှားရမ်းခြင်းနှင့်ပတ်သက်၍ အဂတိဖြင့် တရားစွဲ ထားသည့် အမှုအတွက် လူကယ်ပြန် ဒုဝန်ကြီးဟောင်းအား ပြန်လှန်စစ်မေး
သမ္မတဟောင်း ဦးဝင်းမြင့်နှင့် အတိုင်ပင်ခံပုဂ္ဂိုလ်ဟောင်း ဒေါ် အောင်ဆန်းစုကြည်တို့ကို ရဟတ်ယာဉ်ငှားရမ်းခြင်းနဲ့ ပါတ်သက်ပြီး အဂတိနဲ့ တရားစွဲထားတဲ့အမှုအတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဟောင်း ဦးစိုးအောင်ကိုပြန်လှန်စစ်မေးခဲ့တယ်လို့ အမှုနဲ့ပါတ်သက်ပြီး ထွက်ပေါ်လာတဲ့ သတင်းတွေအရ သိရပါတယ်