ဗိဿနိုးရှေးဟောင်းယဉ်ကျေးမှုနယ်မြေသို့ ခရီးသွားဝင်ရောက်မှု နှစ်စဉ်တိုးတက်လာပြီး ပြီးခဲ့သည့်(၁၀)လအတွင်း လာရောက်လည်ပတ်သူ (၄၀၀၀၀)ကျော်ရှိခဲ့
ကမ႓ာ့အမွေအနှစ်စာရင်းဝင် ဗိဿနိုးရှေးဟောင်းယဉ်ကျေးမှုနယ်မြေကို လာရောက်လည်ပတ်တဲ့ ခရီးသွားဝင်ရောက်မှုဟာ နှစ်စဉ်တိုးတက်လျက်ရှိပြီး (၂၀၁၈)ခုနှစ် ၊ ဧပြီလကနေ (၂၀၁၉)ခုနှစ် ၊ ဇန်နဝါရီလအထိ (၁၀)လအတွင်း ခရီးသွားဦးရေ (၄၀၀၀၀)ကျော် လာရောက်ခဲ့တယ်လို့ ဗိဿနိုးရှေးဟောင်းပြတိုက် တာဝန်ရှိသူတွေထံက သိရပါတယ်။