ဇွန်လ ၂၉ ရက်နေ့ မနက်ခင်းသတင်းအစီအစဉ်
■ စေပိုင်ကုမ္ပဏီပိုင်ရှင် ဦးမောင်ဝိတ်ထံမှ ဒေါ်လာ ငါးသိန်းခွဲ လာဘ်ယူခဲ့သည်ဟုဆိုကာ ဒေါ်အောင်ဆန်းစုကြည်ကို အဂတိဖြင့် တရားစွဲထားသည့် အမှုအတွက် လိုပြသက်သေ ဒေါ်ခင်ခင်ဦးအား စစ်ဆေး
■ လက်ပံတောင်းတောင်ကြေးနီစီမံကိန်း ပစ်ခတ်တိုက်ခိုက်ခံရခြင်းများနှင့်ပတ်သက်ပြီး တရုတ်ဝမ်ပေါင်ကုမ္ပဏီ ထုတ်ပြန်
■ စည်းကမ်းမလိုက်နာသည့် YBS ယာဉ် ၅၃၈ စီး အရေးယူထားပြီး ယာဉ်ပေါ်၌ဖြစ်ပွားသည့် ခါးပိုက်နှိုက်မှုများကိုလည်း စီမံချက်ဖြင့်အရေးယူရန် တိုင်းအစိုးရအဖွဲ့က ရဲတပ်ဖွဲ့သို့ညွှန်ကြားထားဟုဆို
■ စီးပွားရေး အကျပ်အတည်း ပိုဆိုးရွားလာသည့် သီရိလင်္ကာတွင် လောင်စာဆီ ရောင်းချမှုများကို သီတင်းနှစ်ပတ်ကြာ ရပ်ဆိုင်းထား
■ ကိုရိုနာဗိုင်းရပ်စ်ကင်းစင် မူဝါဒကို စွဲစွဲမြဲမြဲ ကျင့်သုံးနေသည့် တရုတ်က ပြည်ပ ခရီးသွားများအတွက် ကွာရန်တင်းကာလကို လျှော့ချ
■ ဘာစီလိုနာကွင်းလယ်လူ ဒီယွန်းကို ပေါင်သန်း (၆၀)အထက်ဖြင့် ထပ်မံကမ်းလှမ်းရန် မန်ယူ စီစဉ်